
Articles & News


24.08.2024
CYBER SECURITY အကြောင်းသိကောင်းစရာ
နည်းပညာရေစီးကြောင်းတွေ မြင့်လာတာနဲ့အမျှ ဒေတာတွေ၊ အချက်အလက်တွေအပြင် လုပ်ငန်းကိစ္စအဝဝကို digital wallet တွေပေါ်မှာပဲ လုပ်ကိုင်လာကြပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ computer systems, networks, programs တွေကို Digital Attack တွေရဲ့ ရန်က ကာကွယ်ဖို့ Cybersecurity ဟာ ဒီနေ့ခေတ်မှာ အသက်တမျှအရေးကြီးလာပါပြီ။
လုံခြုံရေး ချိုးဖောက်ဝင်ရောက်မှုတွေ၊ အချက်အလက်တွေ ခိုးယူခြင်းတွေကနေ ကာကွယ်ပေးမဲ့ Cybersecurity ရဲ့ အဓိက လုပ်ငန်းစဥ်ငါးဆင့်ကတော့..
Protection: Firewalls၊ coding နဲ့ access controls တို့လို ဒေတာစနစ်တွေထဲ ချိုးဖောက်ဝင်ရောက်ခြင်းကိုတားဆီးဖို့ ကာကွယ်ရေးလုပ်ငန်းစဥ်အဆင့်၊
Detection: ပြင်ပ virus နဲ့၊ ကျူးကျော်ဝင်ရောက်မှုတွေကို ဟန့်တားဖို့၊ ဆိုက်ဘာလုံခြုံရေးစောင့်ကြပ်ဖို့၊ ပြဿနာတစ်စုံတစ်ရာရှိလာပါက အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ ထောက်လှမ်းခြင်းအဆင့်၊
Response: အမှတ်မထင်ပေါ်ပေါက်လာတဲ့ လုံခြုံရေးချိုးဖောက်ဝင်ရောက်မှုတွေကို ချက်ချင်းပြန်တုံ့ပြန်နိုင်မယ့် မဟာဗျူဟာ ချမှတ်ရေးဆွဲဖို့ အရေးပေါ်တုံ့ပြန်မှုအဆင့်၊
Recovery: လုံခြုံရေးချိုးဖောက်မှုတွေကြောင့် ဒေတာတွေပါမသွားဖို့၊ ပါသွားတဲ့အချက်အလက်တွေကို ပြန်ယူဖို့ ပြန်လည်ဆယ်ယူခြင်းအဆင့်၊
Education and Training: ဆိုက်ဘာလုံခြုံရေးအန္တရာယ်တွေအကြောင်း သတိပြုမိစေဖို့ သုံးစွဲသူတွေနဲ့ IT ဝန်ထမ်းတွေကို ခေတ်နဲ့အညီ လေ့ကျင့်ရေးသင်ကြားပေးခြင်း၊
အဖွဲ့အစည်းတစ်ခုလုံးအတွက်ပဲဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်အတွက်ပဲဖြစ်ဖြစ် ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ နည်းပညာပေါ် မှီတည်နေတဲ့ လုပ်ငန်းကိစ္စအဝဝအတွက် Cybersecurity စနစ်က မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။
Malware၊ ransomware၊ phishing တို့လို ဒေတာချိုးဖောက်မှုနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေပေါ်ပေါက်လာတတ်တဲ့ ယနေ့ခေတ်ရဲ့ နည်းပညာလောကမှာ Cybersecurity သေချာတည်ဆောက်ပြီး အချက်အလက်တွေကို သိုသိုသိပ်သိပ်သိမ်းဆည်းထားဖို့ လိုကိုလိုအပ်လာပါပြီ။
ဒီနေ့ပြောပြခဲ့တာကတော့ cybersecurity အကြောင်းအရာတွေထဲကမှ သိကောင်းစရာအချက် ငါးချက်ပါပဲ။
cybersecurity နဲ့ ပတ်သက်ပြီး မှတ်သားစရာတွေ အများကြီးကျန်သေးတာမို့ ကိုယ်သိထားတာလေးတွေ comment မှာ မျှဝေပေးသွားကြပါဦးနော်..