Articles & News
04.03.2024
NHM College ကဖွင့်လှစ်မည့် ITPEC ကဘာတွေတမူထူးခြားနေလဲ?
ITPEC ဆိုတာ ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု IPA (IT Promotion Agency) က ကြီးမှူးကျင်းပပြီး အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ ဖီလစ်ပိုင်နိုင်ငံတို့က တရားဝင်အသိအမှတ်ပြုထားတဲ့ စာမေးပွဲ (ITPEC Exam) တစ်ခုလည်းဖြစ်ပါတယ်။ ITPEC Exam ကို တစ်နှစ်တွင် အထက်ပါနိုင်ငံပေါင်း (၇) နိုင်ငံမှာ ဧပြီလနှင့် အောက်တိုဘာလတို့မှာ တစ်ချိန်တည်း တစ်ရက်တည်းကျင်းပကြပါတယ်။ စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူတိုင်း နိုင်ငံတကာအသိအမှတ်ပြု ITPEC Certificate ရရှိပြီး နိုင်ငံတကာတွင် IT နှင့် ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်တဲ့ အခွင့်အရေးလဲဖြစ်ပါတယ်။
ITPEC ကို အခုခေတ်လူငယ်တော်တော်များများ စိတ်ဝင်စားလာကြတယ်။ သင်တန်းကျောင်းတွေလည်း အများအပြားဖွင့်လှစ်လာကြပါတယ်။ ဒီသင်တန်းတွေအများကြီးထဲက သင်တန်းတက်ရောက်နေသလိုမဟုတ်ပဲ ကျွန်တော်တို့ NHM IT & Business College နှင့် ဂျပန်နိုင်ငံအခြေစိုက် Morioka IT, Business & Design College တို့ ပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် မြန်မာနိုင်ငံမှာမရှိသေးတဲ့ အထူးအခွင့်အရေးတွေ အားသာချက်တွေနဲ့ သေချာတဲ့အနာဂတ်ကို ဖန်တီးယူနိုင်တော့မှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ NHM College သည် ကျောင်းသား/သူများ၏ တောင်းဆိုမှုကြောင့် ITPEC Courses ကို ထပ်မံဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါသည်။ ကျွန်ုပ်တို့ NHM College သည် မြန်မာနိုင်ငံမှာပထမဆုံး ဂျပန်နိုင်ငံအခြေစိုက် IT နည်းပညာရှင်များထွက်ရှိရာ MORIOKA College နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံက ကျွမ်းကျင်အတတ်ပညာရှင်များနှင့် မြန်မာနိုင်ငံမှ အတတ်ပညာရှင်များပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ NHM College မှာ ITPEC (၂) နှစ် တက်ရောက်ရမှာဖြစ်ပြီး (၁) နှစ် (၈) လအတွင်း ဂျပန်စာ N2 အထိ ရောက်ရှိအောင် သင်ကြားပေးမည့်အပြင် အင်္ဂလိပ်စာ 4 skills ကိုလည်းထပ်မံသင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် NHM IT & Business College တွင် သင်ကြားပေးမည့် ITPEC Courses သည် ဂျပန်နိုင်ငံ Morioka College ၏ Guide Line အတိုင်းသင်ကြားပေးသွားမှာဖြစ်ပြီး စာတွေ့၊ လက်တွေ့ သင်ကြားသည့်စနစ်အပြင် Projects များလည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ပြည်တွင်းရှိ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ Internship
program များစီစဉ်ထားသောကြောင့် ကျောင်းသား/သူများသည် အတွေ့အကြုံကောင်းများကို ရရှိစေမှာဖြစ်ပါတယ်။
NHM College တွေအောင်မြင်ပြီးဆုံးသွားပါက ဂျပန်နိုင်ငံတွင်သာမက အခြားပြည်တွင်း၊ ပြည်ပနိုင်ငံများတွင်ပါ လုပ်ငန်းခွင်ကို ချက်ချင်းဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ NHM College ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုရင် မြန်မာနိုင်ငံတွင် မည်သည့် ITPEC ကျောင်းများမှ ပေးအပ်ခြင်းမရှိသေးသည့် ဂျပန်နိုင်ငံတွင် အလုပ်ရှာရလွယ်ကူစေရန် ဂျပန်နိုင်ငံအသိအမှတ်ပြု ထောက်ခံချက်လက်မှတ်ကို ကျွန်ုပ်တို့၏ မိတ်ဖက် MORIOKA College က ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
𝐈𝐓𝐏𝐄𝐂 𝐄𝐱𝐚𝐦 အတွက်ဘာတွေသင်ကြားပေးမှာလဲ?
𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐅𝐢𝐞𝐥𝐝
𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐅𝐢𝐞𝐥𝐝
𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐅𝐢𝐞𝐥𝐝
𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐮𝐫𝐬𝐞𝐬
C++
Java
Python
Web Development
CCNA
Networking
A+
Microsoft Azure Fundamental
Japanese (N5, N4, N3, N2)
ဘယ်သူတွေတက်ရောက်သင့်လဲ?
လက်ရှိတွင် ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသော ကျောင်းသား/သူများ
အလယ်တန်းနှင့် အထက်တန်းအောင်မြင်ပြီး ကျောင်းသား/သူများ
IT ပညာရပ်ကို စိတ်ပါဝင်စားသူများ၊
Japan နိုင်ငံရှိကုမ္ပဏီကြီးများတွင် IT ပညာရှင်တစ်ယောက်အဖြစ်
သွားရောက်လုပ်ကိုင်လိုသူများ တက်ရောက်သင့်ပါသည်။