မိမိတို့၏ IT Professional Career Life ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများအတွက် NHM College တွင် အချိန်ကာလ (၁)နှစ် (၈)လ ကြိုးစားသင်ယူရုံဖြင့် မိမိတို့လျှောက်လှမ်းချင်သော IT အနာဂတ်လမ်းကြောင်းကြီးကို ပုံဖော်နိုင်ဖို့ အထူးအခွင့်အရေးကို NHM College က ပုံဖော်ပေးလိုက်ပါပြီ။

NHM College မှ ‌ကျောင်းသား/သူများအတွက်
ပထမဆုံးမြန်မာနိုင်ငံတွင်ပြုလုပ်မည့် အထူးအခွင့်အရေး‌တစ်ခုကဘာလဲ?

  • NHM College ရဲ Partner ဖြစ်တဲ့ MORIOKA College မှ ဂျပန် နိုင်ငံအသိအမှတ်ပြု IT Diploma Courses များကို မြန်မာ နိုင်ငံက‌နေ အလွယ်တကူတက်‌‌ရောက် နိုင်ခြင်း၊ ဒါအပြင်အထူးအခွင့်အရေး အနေဖြင့် IP/FE ‌အောင်မြင်ပြီးသား ကျောင်းသား/သူများကို ဂျပန်နိုင်ငံ အတွင်း လုပ်ငန်းခွင်ဝင်နိုင်ရန် ဂျပန်နိုင်ငံအသိအမှတ်ပြု Reference Letter (ထောက်ခံစာ) ပေးအပ်ခြင်း၊ FE အောင်မြင်ပြီးသော ကျောင်းသား/ သူများ အတွက် လုပ်ငန်းခွင်ဝင်ရန် Interview Training အစီစဥ်များနှင့် Internship Program များစီစဥ်ပေးထားခြင်း။
  • ဒါအပြင် FE အောင်မြင်ပြီးသော ကျောင်းသား/သူများကို ဂျပန်နိုင်ငံတွင် အလုပ်အကိုင်များ ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။

NHM College တွင် ဂျပန် နိုင်ငံအသိအမှတ်ပြု IT Diploma Courses ကို သင်ကြားပေးနေသည့်အပြင် အာရှ (၇) နိုင်ငံအတွက် IT ပညာရှင်များ မွေးထုပ်ပေးနိုင်ရန်အတွက် ITPEC သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပါသည်။

ITPEC (IP + FE) အတန်းကိုဘယ်သူတွေ တက်ရောက်သင့်သလဲ?

IT ပညာရပ်ကိုအခြေခံမှ စတင်လေ့လာလိုသူများ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာကျောင်းသား/သူများ၊ IT ပညာရှင်အဖြစ် Japan နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသူများ ပြည်တွင်း၊ ပြည်ပတွင် IT ပညာရှင်အဖြစ် မိမိတို့၏ Professional Career life ကိုစတင်မည့်သူများတက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။

ဘာတွေသင်ကြားပေးမှာလဲ ?

  • IT Passport Examination Book (IP)
  • FE volume 1 (IT fundamental)
  • FE volume 2 (IT Strategy & Management)

NHM College မှာတော့ Programming ဘာသာရပ်များဖြစ်သည် Java, C++, Python Programming Language များ သင်ကြားပေးခြင်းလက်တွေ့လုပ်ငန်းခွင် အသုံးချ ICT skillများ ဖြစ်သည့် Computer များ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် Computer Network အသုံးပြုခြင်း များကိုလည်း စာတွေ့၊ လက်တွေ့သင််ကြားပို့ချ ပေးခြင်း၊ Japan ဘာသာစကားကိုလည်: N2 level အထိနှင့် လက်တွေ့အသုံးချ English ဘာသာစကားများလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Scholarship

SCHOLARSHIP AND GRANT :

  • NHM College သည် ‌ကျောင်းသားများ၏ ပညာရေးထူးချွန်မှုတွင် လည်းကောင်း၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ်တွင်လည်းကောင်း၊ Scholarship များနှင့် Grant များ ပေးလျှက်ရှိပါသည်။
  • MORIOKA IT, BUSINESS & DESIGN COLLEGE မှ မြန်မာနိုင်ငံက ထူးချွန်ကျောင်းသား/ သူများအတွက် ဂျပန်နိုင်ငံသို့ ပညာတော်သင်များစေလွှတ်ခြင်း၊ ဒါ့အပြင် အွန်လိုင်းမှတဆင့် အလုပ်အကိုင်ဆိုင်ရာ အတွေ့အကြုံများနှင့် လက်တွေ့ အကောင်အထည်ဖော်မှုဗျူဟာများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

‌ကျောင်းဝင်ခွင့်လိုအပ်ချက်များ

NHN College သို့ကျောင်းလျှောက်ထားရာတွင် အောက်ပါအချက်လက်များဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။

  • Application Form & Fees
  • ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာကျောင်းသား/သူများ၊
  • Grade 9 / Equivalent Academic Documents

‌ကျောင်းဝင်ခွင့် လျှောက်ထားခြင်း

  • NHM College သို့လာရောက်လေ့လာပါ။
  • Education Consultant များနှင့် တွေ့ဆုံပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်ပါ။
  • သက်ဆိုက်ရာ စာရွက်စာတမ်းများဖြင့် Application Form ‌ရေးသွင်းပြီး ယခုပဲ ကျောင်းလျှောက်ထားနိုင်ပါပြီ။